စက်သုံးဆီ ရှားပါးပြီး ပြတ်တောက်တော့မည့် မြန် မာနိုင်ငံ သို့မဟုက် ဒုတိယ သီရိလင်္ကာ နိုင်ငံအလား

မြန်မာတနိုင်ငံလုံးသို့ စက်သုံးဆီများဖြန့်ဖြူးနေသည့် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေသဖြင့် ဆီသည်ကားများစွာ တန်းစီစောင့် ဆိုင်းနေရကြောင်း သတင်းရရှိသည်။တရုတ်နိုင်ငံက စက်သုံးဆီများကို သီရိလင်္ကာနိုင်ငံကို ကြားခံထား၍ ပင်လယ်ရေကြောင်းမှတဆင့် မြန် မာနိုင်ငံသို့ စက်သုံးဆီများ တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် သီရိလင်္ကာနိုင်ငံ၌ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းများ ကြီးမားစွာ ပေါ်ပေါက်နေသည့် အတွက် သီရိလင်္ကာမှ ရန်ကုန်သို့ စက်သုံးဆီများ ပို့ ဆောင်နိုင်ခြင်းမရှိသည့်အခြေအနေ ပေါ်ပေါက်နေကြောင်း သိရသည်။

သီရိလင်္ကာမှ စက်သုံးဆီများ ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများ ပြတ်လပ်နေခြင်းဖြစ်ပြီး စက်သုံးဆီလက္ကားရောင်းသည့်ကုမ္ပဏီများက လက်ကျန် စက်သုံးဆီများကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေသည်ဟု ရန်ကုန်မြို့မှ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ရန်ကုန်မှာ ဓာတ်ဆီနဲ့ ဒီဇယ် အကုန်လုံး ပြတ်လပ်ကုန်ပြီ။ အခု သီလဝါက ဆီလက်ကျန်ရှိနေတဲ့ Denko ကု မ္ပဏီမှာ ကားတွေအကုန် တန်းစီနေတယ်။ ရန်ကုန်မှာ ဆီမရှိတော့ဘူး။အရန်ဆီတွေလည်းသင်္ကြန်တွင်းမှာရောင်းပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတော့ အရန်ဆီတွေ ထုတ်ရောင်းထားတာ လက်ကျန်ကနည်းနေပြီ။

ကျနော်တောင် သီလဝါမှာ သွားတန်းစီစောင့်တာ ဘောက်ဆာကား ၁ စီးပဲ ရတယ်။ အဲတော့ အခုကျနော်တို့လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး”ဟု သီလဝါဆိပ်ကမ်း၌ စက်သုံးဆီသွားထုတ်ခဲ့သည့် ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင်က သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံအနှံ့ စက်သုံးဆီများဖြန့်ချီရန်အတွက် ဆီဂါလံ ၅ သန်းကို အရန်ဆီအဖြစ် သိုလှောင်ထားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်တပ်မှ နိုင်ငံအတွက် ချန်ထားသော အရန်ဆီများထဲမှ စစ်တပ်အသုံးပြုရန်အတွက် တစ်ရက်လျှင် ဂါလံ ၁ သောင်းနှုန်း နေ့စဉ်ထုတ်ယူနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ထုတ်ယူသုံးစွဲထားသော စက်သုံးဆီများကို ပြန်လည်ဖြည့်တင်းပေးမှု မရှိခြင်းနှင့် တရုတ်နိုင်ငံမှ စက်သုံးဆီကြားခံတင်ပို့နေသည့် သီရိလင်္ကာနိုင်ငံမှ မြန်မာပြည်သို့ ဆီမပို့နိုင်တော့သည့်အခြေအနေကြောင့် မြန်မာပြည်၌ ပြည်တွင်းအသုံးပြုရန် ကြီးမားသည့် စက်သုံးဆီ ပြတ်လပ်မှုအခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်တချို့က သုံးသပ် ပြောဆိုသည်။

စစ်တပ်အာဏာမသိမ်းမီကာလ အရပ်သားအစိုးရလက်ထက်တွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာပြည်သို့ စက်သုံးဆီများ တိုက်ရိုက်တင်သွင်းရောင်းချနေခဲ့ခြင်းဖြစ်ပြီး စစ်တပ်အာဏာသိမ်း ပြီးနောက် နိုင်ငံတကာ၏ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် စင်္ကာပူနှင့် မလေးရှားတို့မှ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့ရောင်းချခြင်း မရှိတော့ပေ။ ယင်းအခြေအနေတွင် တရုတ်ကုမ္ပဏီ များက သီရိလင်္ကာနိုင်ငံကို ကြားခံ၍ မြန်မာပြည်သို့ စက်သုံးဆီများ တင်သွင်းပို့ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)

စက္သုံးဆီ ရွားပါးၿပီး ျပတ္ေတာက္ေတာ့မည့္ ျမန္ မာနိုင္ငံ သို႔မဟုက္ ဒုတိယ သီရိလကၤာ နိုင္ငံအလား

ျမန္မာတနိုင္ငံလုံးသို႔ စက္သုံးဆီမ်ားျဖန႔္ျဖဴးေနသည့္ ရန္ကုန္ၿမိဳ႕၊ သီလဝါဆိပ္ကမ္းတြင္ စက္သုံးဆီမ်ား ျပတ္လပ္ေနသျဖင့္ ဆီသည္ကားမ်ားစြာ တန္းစီေစာင့္ ဆိုင္းေနရေၾကာင္း သတင္းရရွိသည္။တ႐ုတ္နိုင္ငံက စက္သုံးဆီမ်ားကို သီရိလကၤာနိုင္ငံကို ၾကားခံထား၍ ပင္လယ္ေရေၾကာင္းမွတဆင့္ ျမန္ မာနိုင္ငံသို႔ စက္သုံးဆီမ်ား တင္သြင္းေရာင္းခ်ေနျခင္းျဖစ္ၿပီး လက္ရွိတြင္ သီရိလကၤာနိုင္ငံ၌ ဘ႑ာေရးဆိုင္ရာ အၾကပ္အတည္းမ်ား ႀကီးမားစြာ ေပၚေပါက္ေနသည့္ အတြက္ သီရိလကၤာမွ ရန္ကုန္သို႔ စက္သုံးဆီမ်ား ပို႔ ေဆာင္နိုင္ျခင္းမရွိသည့္အေျခအေန ေပၚေပါက္ေနေၾကာင္း သိရသည္။

သီရိလကၤာမွ စက္သုံးဆီမ်ား ပို႔ေဆာင္ေပးနိုင္ျခင္းမရွိသည့္အတြက္ ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းတြင္ စက္သုံးဆီမ်ား ျပတ္လပ္ေနျခင္းျဖစ္ၿပီး စက္သုံးဆီလကၠားေရာင္းသည့္ကုမၸဏီမ်ားက လက္က်န္ စက္သုံးဆီမ်ားကို ဦးရာလူစနစ္ျဖင့္ ေရာင္းခ်ေပးေနသည္ဟု ရန္ကုန္ၿမိဳ႕မွ စက္သုံးဆီလုပ္ငန္းရွင္ တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

“ရန္ကုန္မွာ ဓာတ္ဆီနဲ႕ ဒီဇယ္ အကုန္လုံး ျပတ္လပ္ကုန္ၿပီ။ အခု သီလဝါက ဆီလက္က်န္ရွိေနတဲ့ Denko ကု မၸဏီမွာ ကားေတြအကုန္ တန္းစီေနတယ္။ ရန္ကုန္မွာ ဆီမရွိေတာ့ဘူး။အရန္ဆီေတြလည္းသၾကၤန္တြင္းမွာေရာင္းေပးဖို႔ စစ္ေကာင္စီက ၫႊန္ၾကားထားေတာ့ အရန္ဆီေတြ ထုတ္ေရာင္းထားတာ လက္က်န္ကနည္းေနၿပီ။

က်ေနာ္ေတာင္ သီလဝါမွာ သြားတန္းစီေစာင့္တာ ေဘာက္ဆာကား ၁ စီးပဲ ရတယ္။ အဲေတာ့ အခုက်ေနာ္တို႔လည္း ဘာလုပ္လို႔ လုပ္ရမယ္မွန္း မသိေတာ့ဘူး”ဟု သီလဝါဆိပ္ကမ္း၌ စက္သုံးဆီသြားထုတ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕က လုပ္ငန္းရွင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ယခင္က သီလဝါဆိပ္ကမ္းတြင္ ျမန္မာနိုင္ငံအႏွံ႕ စက္သုံးဆီမ်ားျဖန႔္ခ်ီရန္အတြက္ ဆီဂါလံ ၅ သန္းကို အရန္ဆီအျဖစ္ သိုေလွာင္ထားခဲ့ေသာ္လည္း ယခုေနာက္ပိုင္းတြင္ စစ္တပ္မွ နိုင္ငံအတြက္ ခ်န္ထားေသာ အရန္ဆီမ်ားထဲမွ စစ္တပ္အသုံးျပဳရန္အတြက္ တစ္ရက္လွ်င္ ဂါလံ ၁ ေသာင္းႏႈန္း ေန႕စဥ္ထုတ္ယူေနေၾကာင္း သိရသည္။

အာဏာသိမ္းစစ္တပ္က ထုတ္ယူသုံးစြဲထားေသာ စက္သုံးဆီမ်ားကို ျပန္လည္ျဖည့္တင္းေပးမႈ မရွိျခင္းႏွင့္ တ႐ုတ္နိုင္ငံမွ စက္သုံးဆီၾကားခံတင္ပို႔ေနသည့္ သီရိလကၤာနိုင္ငံမွ ျမန္မာျပည္သို႔ ဆီမပို႔နိုင္ေတာ့သည့္အေျခအေနေၾကာင့္ ျမန္မာျပည္၌ ျပည္တြင္းအသုံးျပဳရန္ ႀကီးမားသည့္ စက္သုံးဆီ ျပတ္လပ္မႈအေျခအေန ေပၚေပါက္လာနိုင္ေၾကာင္း စက္သုံးဆီလုပ္ငန္းရွင္တခ်ိဳ႕က သုံးသပ္ ေျပာဆိုသည္။

စစ္တပ္အာဏာမသိမ္းမီကာလ အရပ္သားအစိုးရလက္ထက္တြင္ စကၤာပူႏွင့္ မေလးရွားနိုင္ငံတို႔မွ ျမန္မာျပည္သို႔ စက္သုံးဆီမ်ား တိုက္ရိုက္တင္သြင္းေရာင္းခ်ေနခဲ့ျခင္းျဖစ္ၿပီး စစ္တပ္အာဏာသိမ္း ၿပီးေနာက္ နိုင္ငံတကာ၏ စစ္ေကာင္စီအေပၚ စီးပြားေရးပိတ္ဆို႔မႈမ်ားေၾကာင့္ စကၤာပူႏွင့္ မေလးရွားတို႔မွ ျမန္မာနိုင္ငံသို႔ စက္သုံးဆီတင္ပို႔ေရာင္းခ်ျခင္း မရွိေတာ့ေပ။ ယင္းအေျခအေနတြင္ တ႐ုတ္ကုမၸဏီ မ်ားက သီရိလကၤာနိုင္ငံကို ၾကားခံ၍ ျမန္မာျပည္သို႔ စက္သုံးဆီမ်ား တင္သြင္းပို႔ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Leave a Reply

Your email address will not be published.