ပရဟိတ လုပ်ငန်းတွေကို စိတ်တူကိုယ်တူ လုပ်ဆောင်နေကြတဲ့ ဝေဠုကျော်တို့ ဇနီးမောင်နှံ
ပရိတ်သတ်ကြီးရေ မင်းသားဝေဠုကျော်ကတော့ တစ်ခေတ်တခါကအနုပညာလောကမှာလူကြီးလူငယ်မရွေးသဘောကျအားပေးချစ်ခင်ခဲ့ရတဲ့ဝါရင့်သရုပ် ဆောင်မင်းသားကြီးပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝေဠုကျော်ဟာ သရုပ် ဆောင်အလုပ်တွေရပ်နားပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကို တည် ထောင်ထားကာ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဒီလိုကာလမှာဆိုရင်လည်း အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို လည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။
မကြာသေးမီကဘဲ ဝေဠုကျော်ဟာ နှစ်ဖက်သော မိဖများ၏ သဘောတူခွင့်ပြု ချက်အရ ချစ်ရတဲ့သူလေးနဲ့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပခဲ့ပြီဖြစ်ပါတယ်။
ငယ်ရွယ်ချောမောလှပတဲ့ မိန်းမလှလေးကို ပိုင်ဆိုင်ခဲ့တဲ့ ဝေဠုကျော် ကို ပရိသတ်တွေကလည်း နှစ်သက် အားကျနေကြတာဘဲ ဖြစ်ပါတယ်‌။
ဒီနေ့မှတော့ ဝေဠုကျော် က ချစ်ဇနီးလေးနဲ့ အတူ နှစ်သစ်ကူးမှာလှူဒါန်းခဲ့တဲ့အမှတ်တရပုံများနှင့်အတူ
“မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ စိတ်ချမ်းသာကိုယ်ကျမ်းမာနှင့်စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒများပြည့်စုံပြီး ဆန္ဒနဲ့ဘဝထပ်တူကျနိုင်ကြပါစေ ”
“ကျနော်သည် သိ၍ဖြစ်စေ၊မသိ၍ဖြစ်စေ၊ ကာယကံ၊ ဝဇီကံ၊ မနောကံတိုဖြင့် ကျနော့်ထက်ကြီးသူ၊ ရွယ်တူ၊ ငယ်သူများအပေါ် ပြစ်မှားစော်ကားသလိုဖြစ်ခဲ့ပါလျှင် ကျနော်ပြုခဲ့သမျှ ကုသိုလ်အစုစုတိုကိုအမျှပေး၍ ကျေအေးခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါတယ်။”
“အမျှ.အမျှ.အမျှယူတော်မူကြပါကုန်၍ သာဓု. သာ ဓု.သာဓု ခေါ်ဆိုနိုင်ကြပါစေကြောင်းနှစ်သစ်မှာ ဆုမွန်တောင်း အပ်ပါတယ်ခင်ဗျာ” ဆိုပြိး နှစ်သစ်ဆုမွန်ကောင်းတောင်းပေးထားတာလေးကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်။
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)
Leave a Reply
Your email address will not be published.