အနုပညာလောကထဲကိုဝင်ခဲ့တာဟာမင်းသား ဖြစ်ချင်လို့ပါလို့ဆိုလာသောလူကြမ်းသရုပ်ဆောင် စိုင်းသီဟ
တစ်ချိန်က အက်ရှင်ဇာတ်ကားတွေထဲမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ လူကြမ်းသရုပ်ဆောင်ကြီးတစ်ဦးကိုတော့ ပရိသတ်တွေ မှတ်မိအုန်းမယ်ထင်ပါတယ်နော်။ သူ့နာမည်ကတော့ လူကြမ်းသရုပ်ဆောင်ကြီး စိုင်းသီဟ ပဲ ဖြစ်ပါတယ်။ ဆံပင်ရှည်ထားရတာကို
ကြိုက်နှစ်သက်ပြီးတော့ ဂျပန်လိုလို ၊ကိုရီးယာလိုလို မျက်ပေါက်မှေးမှေးနဲ့ မျက်နှာသွင်ပြင်ကြောင့် ပရိသတ်တွေက ပိုမိုသတိထားမိလာတာလဲ ဖြစ်ပါတယ်။ လူကြမ်းကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူဖြစ်ပြီး ကိုယ်ခံပညာမျိုးစုံကို တတ်ကျွမ်းသူတစ်ဦးဖြစ်ပါတယ်။
သရုပ်ဆောင် စိုင်းသီဟဟာဂျက်ကီချန်း၊ဘရုစ်စလီ တို့ကိုကြိုက်နှစ်သက်ပြီး မြင်ဆရာတွေဖြစ်တဲ့ ကမ္ဘာကျော်သရုပ်ဆောင်ကြီးတွေကို အားကျတာကြောင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ သူတို့သရုပ်ဆောင်တဲ့ပုံစံမျိုးကို သဘောကျတာကြောင့် အက်ရှင်ကားမျိုးတွေကိုပဲ
အဓိကထားရိုက်ကူးခဲ့ပါတယ်။ အနုပညာလောကကို စတင်ဝင်ရောက်လာစဥ◌်က မင်းသားဖြစ်ချင်တဲ့ စိတ်နဲ့ဝင်ရောက် လာခဲ့ပေမယ့် လက်ရှိမှာတော့ လူကြမ်းသရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ခေါင်းဆောင်မင်းသားဖြစ်မှဆိုတဲ့ စိတ်မရှိတော့ပဲ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ပဲ
ရပ်တည်ချင်ပါတယ်တဲ့။ အဓိကကတော့ပရိသတ်တွေက hero မင်းသားလိုမြင်တာကိုပဲ သဘောကျပါတယ်။လူကြမ်းသရုပ်ဆောင် စိုင်းသီဟ ဟာ လက်ရှိဆံပင်ထက် ကျောလယ်လောက်ပိုရှည်အောင်ထားချင်ပေမယ့် ပရိသတ်တွေမုန်းမှာစိုးရိမ်လို့ မထားတော့ပါဘူးတဲ့။ ကိုဗစ်ကာလမှာအခန်းအမြဲတမ်း
အောင်းနေရပြီးအသောက်အစားတွေရှိခဲ့တဲ့အပြင် တရိန်နင်တွေ ပျက်ခဲ့တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ဟာ အနည်းငယ် ပျက်ဆီးနေပါပြီ။ ဒါကြောင့် ပြန်လည်ထိန်းသိမ်းပြီး ကမ္ဘာအဆင့်မှီတဲ့ သရုပ်ဆောင်အရည်အသွေးမျိုးရအောင် ကြိုးစားတော့ပါမယ်တဲ့နော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.