မြန်မာစစ်တပ် အာဏာသိမ်းမှုဖြေရှင်းရာတွင် ကုလကိုင်တွယ်မှုအကြပ်ရိုက်နေသည့် အချက်ကြောင့် ကမ္ဘာ့နိုင်ငံတချို့ကလည်း မြန်မာနည်းတူ အာဏာသိမ်းနေ

By Burmese Press

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ဖေဖော်ဝါရီ ၁ရက်နေ့မှာ လူထုရွေးချယ်တင်မြောက်ထားတဲ့ သမ္မတ နဲ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီ စစ်တပ်က အာဏာသိမ်းကြောင်း မြန်မာကိုရောကမ္ဘာကိုပါ ကြေညာခဲ့ပါတယ်။

အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာ ကုလသမဂ္ဂမှာ ဗီတိုအာဏာရရှိထားတဲ့ တရုတ်နိုင်ငံကနိုင်ငံခြားရေးဝန်ကြီးဝမ်းယိက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအတွင်း မှာပဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချကာ အခြေခံဥပဒေကို ဆန့်ကျင်ပြီး နိုင်ငံအာဏာကို မတရားနည်းလမ်းနဲ့ရယူခဲ့ပါတယ်။ စစ်တပ်အာဏာတည်မြဲရေးအတွက် ဆန္ဒပြ ပြည်သူ ၉၀၀နီးပါး ကို စစ်တပ်က တ်ဖြတ်နေဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၃ကြိမ်ထက်မနည်း ခေါ်ယူခဲ့ပေမယ့် တရုတ် နဲ့ ရုရှာရဲ့ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေက ထိရောက်မှု မရှိခဲ့ပါဘူး

ဒီအခြေအနေတွေကို ကမ္ဘာ့အကြီးဆုံး ကုလသမဂ္ဂအဖွဲ့အစည်းက တာဆီးနိုင်စွမ်းလည်းမရှိသလို အိမ်နီချင်းနိုင်ငံတွေကလည်း တားဆီးနိုင်စွမ်းမရှိခဲ့တာကြောင့် မြန်မာအာဏာသိမ်းမှုကို စောင့်ကြည်နေတဲ့ ကမ္ဘာ့နိုင်ငံတစ်ချို့မှာလည်း မြန်မာနည်းတူ အာဏာသိမ်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလီနိုင်ငံဟာ အရပ်သားအစိုးရအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့တနင်္လာနေ့မှာ ၉လတာအုပ်ချုပ်ခွင့်ရခဲ့တဲ့ ကြားဖြတ်အစိုးရအဖွဲ့ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတွေကို ဖမ်းဆီးလိုက်ပြီး မာလီစစ်တပ်က အာဏာကိုသိမ်းယူလိုက်တာပဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာလည်း ကုလသမဂ္ဂ (UN)က အရေးပေါ်အစည်းအဝေးခေါ်ယူပြီး မာလီသမ္မတ Bah Ndaw ကိုချက်ချင်းလွှတ်ပေးရန်ကုလသမဂ္ဂကတောင်းဆိုလိုက်တယ်လို့ BBC World News ဖော်ပြချက်အရသိရပါတယ်။

မာလီစစ်တပ်အနေနဲ့ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုမှာ ကုလသမဂ္ဂ (UN)ရဲ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကိုကောင်းစွာသိရှိနားလည်သဘောပေါက်ခဲ့တာကြောင့် တုန်လှုပ်မှု ရှိမယ့် ဟန်မပေါ်ဘူးလို့သုံသပ်ရနိုင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ မြန်မာအရေး နဲ့ မာလီအရေးကို ကုလသမဂ္ဂ (UN)အနေနဲ့ဘာတွေဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *