ချစ်ရတ​ဲ့သားငယ်လေးနဲ့အတူ သာသနာ့ဘောင်ဝင်ရောက်ခဲ့တဲ့ ပြည်သူ့အချစ်တော်မင်းသားကြီး ဦးလူမင်း
မြန်မာနိုင်ငံ ရုပ်ရှင် ဉက္ကဌ တစ်ယောက်ဖြစ်ခဲ့ပြီး “အန်ကယ်လေး” လို့ ရုပ်ရှင်လောကသားများ ခေါ်တွင်ကြသော ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ လူမင်း ကိုတော့ ပရိသတ်တွေအားလုံးပဲ ချစ်ခင်ကြမှာ အမှန်ပါပဲနော်။ ဖေဖော်ဝါရီလမှစပြီးတော့
အခုအချိန်ထိတိုင်အောင် ပြည်သူလူထုပါမကျန် အနုပညာရှင် တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ် တွေခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ကြုံတွေ့နေရပေမယ့် ဒီမိုကရေစီရရှိရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ
အားတတ်သရော ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာလူမင်း လည်းပါဝင်ခဲ့ပါတယ်။ လူမင်း ဟာ CDM မှာပါဝင်ရန်ဝန်ထမ်းတွေကို နှိုးဆော်ပေးခဲ့တာကြောင့် တစ်နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် မကြာသေးခင်လပိုင်းလောက်ပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ပြန်လည်လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဧပြီလ၄ရက်နေ့မှာပဲ သားဖြစ်သူနဲ့အတူ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့အကြောင်းကို ဓာတ်ပုံနဲ့အတူ ဧရာဝတီလူမင်းအကောင့်မှတစ်ဆင့် ဖော်ပြထားတာကို တွေ့ရပါတယ်။ လူမင်း ရဲ့
ဓာတ်ပုံအောက်မှာတော့ သာဓုခေါ်ဆိုထားတဲ့ ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်များ ရဲ့ ကောမန့်များစွာကို တွေ့ရပါတယ်နော်။ပရိသတ်ကြီးရေ မင်းသား လူမင်း ရဲ့ကောင်းမူ့ကုသိုလ်အတွက် သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.