ကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်းကြီးဦးမော့စ်ကို အရမ်းသတိရပြီးအောက်မေ့မိတယ်ဆိုသော လူရွှင်တော်ကြီးဦးမိုးဒီ
ပရိသတ်ကြီးရေဝါရင့်လူရွှင်တော်ကြီးဦးစိန်ရိုးရဲ့တပည့်တွေဖြစ်ကြတဲ့လူရွှင်တော်မိုးဒီ၊မော့စ်စုံတွဲကိုတော့ပရိသတ်ကြီးအားလုံးမှတ်မှတ်ရရရှိနေကြဦးမယ်ထင်ပါတယ်။လူရွှင်တော်လောကမှာမိုးဒီ၊မော့စ်ဟာလိုက်ဖက်အညီဆုံးတွဲဖက်တွေဖြစ်ပါတယ်။ဒါ့အပြင်နှစ်ကိုယ့်တစ်စိတ်ဖြစ်တာကြောင့်ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲတွဲဖက်ညီညီသရုပ်ဆောင်ခဲ့ကြတဲ့အနုပညာညီအစ်ကိုတွေပဲဖြစ်ပါတယ်။လက်ရှိမှာဦးမိုးဒီဟာအသက်၇၄နှစ်ရှိပြီပဲဖြစ်ပါတယ်။ဦးမော့စ်ကတော့အသည်းရောဂါနဲ့ကွယ်လွန်သွားခဲ့တာဟာ
လွန်ခဲ့တဲ့ဖေဖော်ဝါရီလ၁၃ရက်နေ့ကဆိုရင်ကိုးနှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ညီအစ်ကိုအရင်းတွေလိုချစ်ကြတဲ့ဦးမိုးဒီနဲ့ဦးမော့စ်တို့ရဲ့ပြက်လုံးတွေဟာအရမ်းကိုနာမည်ကြီးပြီးရယ်ရတာကြောင့်ပရိသတ်တွေရဲ့တစ်ခဲနက်ချစ်ခင်အားပေးမှုတွေကိုရရှိတာပဲဖြစ်ပါတယ်။ဦးမော့စ်ဟာလူရွှင်တော်အလုပ်ကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီးအလုပ်ကိုလည်းကြိုးစားတဲ့လူတစ်ဦးဖြစ်ပါတယ်။ဒါကြောင့်လဲလူရွှင်တော်လောကမှာအရမ်းကိုနာမည်ကြီးအောင်မြင်ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။ဦးမိုးဒီဟာသူငယ်ချင်းဖြစ်သူဦးမော့စ်
ကွယ်လွန်သွားတဲ့အတွက်သူများတွေနှမြောတာထက်ပိုနှမြောမိပါတယ်တဲ့။ဦးမိုးဒီဟာဦးမော့စ်အကယ်ဒမီရခဲ့တဲ့အချိန်မှာစတိတ်စင်အောက်ဘက်မှာဝမ်းသာပျော်ရွှင်လွန်းလို့သိုင်းဖက်ပြီးပါးကိုနမ်းခဲ့ဖူးပါတယ်တဲ့။ဒါပေမယ့်ဦးမော့စ်ဟာအကယ်ဒမီဆုပေးပွဲကိုဆေးရုံတက်နေရင်းတက်ရောက်လာခဲ့တာကြောင့်နမ်းလိုက်တဲ့အချိန်မှာသူ့ရဲ့ပါးပြင်တွေဟာပူခြစ်နေခဲ့တာကြောင့်ဦးမိုးဒီဟာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်လို့လည်းပြောခဲ့ပါသေးတယ်။ပရိသတ်တွေကိုနှစ်ပေါင်းများစွာဟဒယရွှင်ဆေးတိုက်ကျွေးခဲ့ပြီးဘဝအမောများပြေစေခဲ့သူ
ဟာသသရုပ်ဆောင်အကယ်ဒမီလူရွှင်တော်ကြီးဦးမောစ့်ကတော့အခုချိန်မှာကောင်းရာမွန်ရာကိုရောက်ရှိနေလောက်ပြီထင်ပါတယ်နော်။ဦးမိုးဒီကတော့အခုလက်ရှိမှာတော့တက်သစ်စလူရွှင်တော်လေးတွေနဲ့အတူကြော်ငြာလေးတွေရိုက်နေတာလည်းပဲဖြစ်ပါတယ်။သူငယ်ချင်းဖြစ်သူကိုအောက်မေ့သတိရနေတဲ့လူရွှင်တော်လောကရဲ့ဖခင်ကြီးဦးမိုးဒီလည်းကျန်းမာသက်ရှည်ပြီးပရိသတ်တွေရဲ့ချစ်ခြင်းကို
ဒီထက်မကခံယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့လည်းလူရွှင်တော်လောကရဲ့ကြွေလွင့်သွားသောကြယ်တစ်ပွင့်ဖြစ်တဲ့ဦးမော့စ်ကိုသတိရအောက်မေ့နေကြဦးမယ်ထင်ပါတယ်။စာဖတ်ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးအထူးတင်ပါတယ်နော်။ပရိသတ်ကြီးတို့လည်းဘေးကင်းကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.