လူမှုကွန်ယက်မှာနာမည်ကြီးနေတဲ့အမိုက်စားဖက်ရှင်တွေနဲ့ လူကြမ်းမင်းသားကြီးကိုမျိုးကြည်ရဲ့ ကြော်ငြာရိုက်ကွင်းကပုံရိပ်များ
ချစ်လှစွာသောပရိတ်သတ်ကြီးရေနှုတ်ခမ်းမွှေးကြောင့်ပရိသတ်တွေကစတင်သတိထားမိလာခဲ့တဲ့လူကြမ်းသရုပ်ဆောင်ကိုမျိုးကြည်ကိုတော့အားလုံးပဲသိရှိကြမယ်ထင်ပါတယ်နော်။ပရိသတ်တွေသတိထားမိလို့နှုတ်ခမ်းမွှေးအမြဲထားရခြင်းသက်သက်မဟုတ်ဘဲသူကိုယ်တိုင်ကလည်းနှုတ်ခမ်းမွှေးထားရတာဝါသနာပါတာကြောင့်လည်းထားဖြစ်တာပါတဲ့။ကိုမျိုးကြည်ကတော့လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ်
ဗီဒီယိုခေတ်ထဲကရုပ်ရှင်ဇာတ်ကား၊ဗီဒီယိုဇာတ်ကားတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ဒီလိုဇာတ်ကားပေါင်းများစွာမှာပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့ရသော်လည်းကိုမျိုးကြည်တို့လိုလူကြမ်းသရုပ်ဆောင်တွေအတွက်ကတော့အဆင်ပြေပိုလျှံတယ်ဆိုတာမရှိရရှာပါဘူး။ဇာတ်ကားထဲမှာအများမုန်းတီးကြတဲ့လူကြမ်းမင်းသားကြီးတွေဆိုတာကမင်းသားမင်းသမီးတွေနာမည်ကြီးဖို့၊
မင်းသားမင်းသမီးတွေငွေအများကြီးရဖို့အတွက်မုန့်ဖိုးလောက်အနုပညာကြေးလေးတွေနဲ့ပေးဆပ်နေရတဲ့သူတွေလို့ပြောလို့ရနိုင်တဲ့အထိကိုမင်းသားမင်းသမီးရရှိတဲ့အနုပညာကြေးနဲ့ဇာတ်ပို့ဇာတ်ရန်တွေနဲ့လူကြမ်းသရုပ်ဆောင်တွေရတဲ့ကြေးကမိုးနဲ့မြေပမာပါ။သို့အတွက်ကြောင့်လည်းလူကြမ်းမင်းသားတစ်ဦးဖြစ်တဲ့ကိုမျိုးကြည်အနေနဲ့အနုပညာချစ်စိတ်နဲ့ဇာတ်ကားပေါင်းအမြောက်အမြားပါဝင်
သရုပ်ဆောင်ခဲ့သော်လည်းသရုပ်ဆောင်ခအနုပညာကြေးအမြောက်အမြားရခဲ့တာမဟုတ်သည့်အတွက်ဘဝကိုခက်ခဲစွာရုန်းကန်တည်ဆောက်နေခဲ့ကြရရှာတာပါ။လူကြမ်းသရုပ်ဆောင်ကိုမျိုးကြည်ဟာအရင်ကနာရေးကူညီမှုအသင်း(ရန်ကုန်)မှာလုပ်အားပေးပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီးပရဟိတလုပ်ရတာကိုသဘောကျတဲ့နှလုံးသားလှတဲ့လူကြမ်းကြီးတစ်ဦးဖြစ်ပါတယ်။ယခုအခါမှာတော့KFCMyanmar
ကြက်ကြော်ဆိုင်အတွက်ကြော်ငြာပေးနေတဲ့ကိုမျိုးကြည်ရဲ့အနောက်တိုင်းဆန်ဆန်နဲ့ရိုက်ကူးထားတဲ့အမိုက်စားဓာတ်ပုံတွေလိုင်းပေါ်ပျံ့နှံ့လာခဲ့တာကြောင့်ပရိသတ်တွေကအရမ်းကိုသဘောကျနှစ်ခြိုက်နေကြတာကိုတွေ့မြင်ရပါတယ်နော်။စာဖတ်ပရိသတ်ကြီးရေလူကြမ်းသရုပ်ဆောင်ကြီးရဲ့ကြော်ငြာရိုက်ကွင်းကဓာတ်ပုံတွေကိုပရိသတ်ကြီးလည်းပြန်လည်ကြည့်ရှု့ခံစားအားပေးနိုင်စေဖို့တင်ဆက်ပေးလိုက်ပါတယ်နော်။
ဇာတ်လမ်းတွေထဲမှာသာလူကြမ်းနေရာကကြမ်းတမ်းတဲ့ဇာတ်ရုပ်ပီပြင်စွာသရုပ်ဖော်နေရသော်လည်းပြင်ပလက်တွေ့ဘဝမှာတော့စိတ်သဘောထားကောင်းကာရိုးသားလွန်းတဲ့လူကြမ်းမင်းသားကြီးတစ်ဦးဖြစ်တဲ့ကိုမျိုးကြည်ရဲ့ကြော်ငြာပုံရိပ်တွေကိုအားပေးဝန်းရံပေးကြပါအုံးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.