အနုပညာရှင်တွေရဲ့လူမှုထူးချွန်စာရင်းမှာ သူမနာမည်မပါလာလို့တသက်လုံး ထောက်ခံအားပေးခဲ့သမျှကိုရင်နာတယ်လို့ ဆိုလာတဲ့အဘသမီးတော်လေး ရွှေရူပါဦး
ပရိသတ်ကြီးရေရွှေရူပါဉီးဆိုတာကိုတော့ပရိသတ်အားလုံးပဲသိကြမယ်ထင်ပါတယ်နော်။သူမဟာဇာတ်ကားတစ်ကား၊ဗီဒီယိုတစ်ခွေမှာမှမပါဝင်ဖူးသလိုဘယ်မော်ဒယ်လ်ရှိုးပွဲမှာမှလည်းပါဝင်ထင်ပေါ်ခြင်းမရှိခဲ့သူတစ်ဉီးပါ။သို့ပေမယ့်လည်းရွှေရူပါဉီးကတော့သူမကိုသူမမော်ဒယ်လ်တစ်ဉီးလို့ပြောဆိုသုံးနှုန်းလေ့ရှိပြီးသရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တယ်လို့လည်းခံယူပြောဆိုနေသူတစ်ဉီးပါ။ဒါ့အပြင်သူမဟာတပ်နဲ့ပတ်သက်တဲ့အခမ်းအနားတချို့ကိုရောက်လေ့ရောက်ထရှိတဲ့တပ်ထောက်ခံသူတစ်ဉီးအဖြစ်လည်း
လူသိများပါတယ်။ယနေ့အချိန်မှာတော့သူမရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံတွေကြောင့်သူမကိုလူတချို့ကသတိထားမိလာကြပြီးသူမကိုတော့တချို့သောသူတွေကတပ်ချစ်သူဆင်ခြေထောက်မလေးဆိုပြီးခေါ်ဝေါ်နေကြတာကိုလည်းတွေ့ရှိရပါတယ်နော်။ဒါအပြင်သူမနဲ့ဓာတ်ပုံတွဲရိုက်သူစစ်ကောင်စီအဖွဲ့ဝင်တော်တော်များများဟာလည်းမပြန်လမ်းသို့မြန်းကြရလေ့ရှိသဖြင့်“မရဏရဲ့တမန်တော်ဆင်ခြေထောက်မယ်”ဆိုပြီးတော့လည်းဝိသေသထူးနဲ့လူသိများလာခဲ့ပြန်ပါတယ်။ရွှေရူပါဉီးဟာဆိုရင်တပ်ချစ်သူပီပီသူမဟာ
စစ်ကောင်စီတပ်အတွက်အကုန်ပုံကာပေးဆပ်ခဲ့ရပေမယ့်စစ်ကောင်စီကယနေ့လူမှုထူးချွန်ဆုပေးအပ်တဲ့ပွဲမှာတော့ရေရှည်ရပ်တည်ထောက်ခံခဲ့တဲ့သူမဟာအသိအမှတ်ပြုမခံခဲ့ရဘဲအခြားသူတွေသာသူကောင်းပြုခံခဲ့ရတာဟာလုံးဝမျှတမှုမရှိဘူးဆိုပြီးတော့ယနေ့မှာတော့ကြေကွဲစို့နင့်စွာပေါက်ကွဲပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။အသက်နဲ့ရင်းပြီးပေးဆပ်ထောက်ခံခဲ့ရသမျှဟာလိုလို့သုံးတဲ့လိုသုံးအဖြစ်နဲ့သာနိဂုံးချုပ်အဖြေထွက်ခဲ့လေရသလားဆိုပြီးရွှေရူပါဉီးကအကြီးအကျယ်ဒေါသဖြစ်ပေါက်ကွဲကာ
မခံမရပ်နိုင်တဲ့စိတ်တွေနဲ့ယခုလိုသောကပွေကာဝေဖန်ပြောကြားလာခဲ့တာပဲဖြစ်ပါတယ်နော်။“ကိုယ်လည်းတပ်ကိုအစွန်းရောက်ထောက်ခံလို့အသက်အန္တရာယ်ခြိမ်းခြောက်ခံရ,ကိုယ့်ကိုလုပ်ကြံဖို့အခါ၄၀မကခံရဖူးတယ်။ကံကောင်းလို့သာအသက်မပျောက်ခဲ့ရတာ၊၄ထပ်တိုက်အသစ်ကြီးဆောက်ထားတာတောင်အိမ်ထိလာကျည်ဆံနဲ့သတိလာပေးလို့အိမ်မှာတောင်မနေရဲဘူး။ပေးဆပ်သူရဲ့နှလုံးသားပါခုလိုသူကောင်းပြုချိန်မှာကိုယ်မပါတာတော့တကယ်စိတ်မကောင်းဘူး။ငါကလိုရင်သုံးတဲ့လိုသုံး။”ဆိုပြီးတော့သူမအနေနဲ့
အစွန်းတစ်ဖက်ရောက်တဲ့အထိစုံမှိတ်ပုံအပ်ကာပေးဆပ်ခဲ့လေသမျှဘာမှမဟုတ်တဲ့အသိအမှတ်ပြုမှုလေးတစ်ခုတောင်လူသိရှင်ကြားပြန်ရလေခြင်းမရှိလေသောအဖြစ်နဲ့ရင်ဆိုင်ကြုံလာရသဖြင့်မခံစားနိုင်လောက်တဲ့အထိစို့တက်ကာရင်နာစွာဖြင့်ငါဟာလိုမှအသုံးချရခဲ့တဲ့လိုသုံးတစ်ယောက်ပါဆိုပြီးသူမရဲ့အဖြစ်ကိုယူကြုံးမရဖြစ်ကာကြေကွဲထိရှဝမ်းနည်းစိတ်တွေနဲ့နောင်တတွေရနေရှာတာပဲဖြစ်ပါတယ်နော်။ဖတ်ရှု့အားပေးနေတဲ့ပရိသတ်ကြီးတို့ကလည်းအထုအထောင်းသာခံရပြီးသူကောင်းပြုမခံရရှာလို့မပဠာမြေလူးသလိုဖြစ်နေရှာတဲ့ရွှေရွှေ့အတွက်မှတ်ချက်စကားလေးတွေရေးသားပြောကြားပေးခဲ့ကြပါအုံးနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.