World Press Photo ဓာတ်ပုံပြိုင်ပွဲကြီးတွင်မြန်မာနိုင်ငံက ဆုသုံးခုရရှိခဲ့ပြီ
၆၅ ကြိမ်မြောက် World Press Photo ဓာတ်ပုံပြိုင်ပွဲ ဒေသအလိုက်ဆုရသူတွေစာရင်းကို မတ် ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာရာမှာ မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ ပုံနှစ်ပုံလည်း ပါဝင်ခဲ့ပါတယ်။တစ်ပုံ ကတော့
တာမွေမှာ လူထုအုံကြွမှုလို့ နာမ်ပေးထားတဲ့ ဓာတ်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ လုံခြုံရေးတပ်သား တွေကို လေးဂွတွေနဲ့ ပြန်ပစ်နေတဲ့ လူငယ်တစ်ခုပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံကတော့ ရိုက်ကူးသူနာမည်မဖော်ပြဘဲ နယူးယောက်တိုင်းမ်သတင်းက
ဖော်ပြတာကို ဆုပေးလိုက်တာဖြစ်ပြီး အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်ဇုန်အတွက် အကောင်းဆုံးဓာတ်ပုံဆုအဖြစ် ရရှိတာဖြစ်ပါတယ်။ ဆုရဓာတ်ပုံဆရာတွေအတွက် တစ်ဆု ယူရို ၁၀၀၀ ပေးပြီး တစ်နှစ်တာ ကမ္ဘာ့ဓာတ်ပုံပြပွဲတွေမှာလည်း
ဖော်ပြခံရမှာ ဖြစ်ပါတယ်။ လက်ရှိ ဒေသအလိုက်ဆုပေးထားသူတွေထဲကမှ ကမ္ဘာ့အကောင်းဆုံးဓာတ်ပုံဆုကို ဧပြီ ၇ ရက်နေ့မှာ အပြီးသတ်ရွေးချယ် ချီးမြှင့်သွားဦးမှာပါ။ လက်ရှိ ဒေသအလိုက်ဆုပေးမှုတွေမှာ ပြိုင်ပွဲအမျိုးအစားအားဖြင့် တစ်ဦးချင်းဓာတ်ပုံ၊
ပုံပြင်များ၊ ရေရှည်စီမံကိန်းများ၊ အလွတ်တန်းဆိုပြီး ခွဲခြားထားပြီး နိုင်ငံပေါင်း ၁၃၀ က ဓာတ်ပုံဆရာပေါင်း ၄၀၆၆ ဦးရဲ့ ဓာတ်ပုံ ၆၄၈၂၃ ပုံထဲက ရွေးချယ်ပေးအပ်ထားတာဖြစ်ပါတယ်။ နောက်ဆုံးပုံကတော့စကစကတင့်ကားတွေကိုကောင်မလေးကဒူးထောက်တောင်းပန်နေသောပုံပဖြစ်ပါတယ်နော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.