ကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ဘိုးဘွားများနဲ့ဖခင်ကြီးအတွက် ရည်စူးကာကုသိုလ်တွေပြုလုပ်ပေးခဲ့သော သရုပ်ဆောင်မင်းသားချောလေး သူရိယ

ပရိသတ်အချစ်တော် သူရိယ ကတော့ ဗီဒီယို ဇာတ်ကားတွေကို စတင်ရိုက်ကူးခဲ့ရာကနေ ပရိသတ်တွေ ရဲ့ ရင်ထဲ စတင်ရောက် ရှိလာခဲ့တာပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်

သရုပ်ဆောင်နိုင်ပြီး ခံစားသက်ဝင်မှု အပြည့်နဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ယနေ့ချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက်များ နေတာပဲဖြစ်ပါတယ်။ သူရိယ ရဲ့ အပြုံးတွေကလည်း

ကလေးတစ်ယောက်လို ဖြူစင်ရိုးသားနေတာကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာပါ ။ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ အမြဲလိုလို

လှူဒါန်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။အခုလည်း ကွယ်လွန်သွားတဲ့ ဘိုးဘွားများကို ရည်စူးပြီး ပဲခူးမြို့ မြို့မစာသင်တိုက်မှာ အလှူအတန်းများစွာ ပြုလုပ်ခဲ့ပုံကို” ပဲခူးမြို့ မြို့မစာသင်တိုက်၌ကွယ်လွန်သူ

ဘိုးဘွားများနှင့် ဖွားဖွား ဒေါ်တင်မြ၊ ဒေါ်ရင်နွဲ့၊ ဖေဖေ ဦးကြည်လင်း တို့အား (၇) လပြည့် ရည်စူး၍စိန်ဘယက်ဆေးတိုက်မိသားစုမှ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်” ခုလိုရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္အခ်စ္ေတာ္ သူရိယ ကေတာ့ ဗီဒီယို ဇာတ္ကားေတြကို စတင္ရိုက္ကူးခဲ့ရာကေန ပရိသတ္ေတြ ရဲ႕ ရင္ထဲ စတင္ေရာက္ ရွိလာခဲ့တာပဲျဖစ္ပါတယ္။က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံးျဖစ္ေအာင္

သ႐ုပ္ေဆာင္နိုင္ၿပီး ခံစားသက္ဝင္မႈ အျပည့္နဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေတြေၾကာင့္ ယေန႕ခ်ိန္ထိ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ား ေနတာပဲျဖစ္ပါတယ္။ သူရိယ ရဲ႕ အၿပဳံးေတြကလည္း

ကေလးတစ္ေယာက္လို ျဖဴစင္ရိုးသားေနတာေၾကာင့္ ဆယ္ေက်ာ္သက္ မိန္းကေလးေတြရဲ႕ သည္းသည္းလႈပ္ခ်စ္တာကို ခံေနရတာပါ ။ဒါ့အျပင္ အလႉအတန္းနဲ႕ ပတ္သက္လာရင္လည္း ေရွ႕ဆုံးကေန အၿမဲလိုလို

လႉဒါန္းတတ္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္ ။အခုလည္း ကြယ္လြန္သြားတဲ့ ဘိုးဘြားမ်ားကို ရည္စူးၿပီး ပဲခူးၿမိဳ႕ ၿမိဳ႕မစာသင္တိုက္မွာ အလႉအတန္းမ်ားစြာ ျပဳလုပ္ခဲ့ပုံကို” ပဲခူးၿမိဳ႕ ၿမိဳ႕မစာသင္တိုက္၌ကြယ္လြန္သူ

ဘိုးဘြားမ်ားႏွင့္ ဖြားဖြား ေဒၚတင္ျမ၊ ေဒၚရင္ႏြဲ႕၊ ေဖေဖ ဦးၾကည္လင္း တို႔အား (၇) လျပည့္ ရည္စူး၍စိန္ဘယက္ေဆးတိုက္မိသားစုမွ လႉဒါန္းကုသိုလ္ျပဳခဲ့ပါသည္” ခုလိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.