ပရိသတ်ကြီးနေ့မှာတော့ဇေကမ္ဘာဦးခင်ရွှေနဲ့သားဖြစ်သူ ဦးဇေသီဟတို့ကို ရှေးဟောင်းအဆောက်အဦများဖြိုဖျက်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
ရှေးဟောင်းအဆောက်အဦတွေကိုခွင့်ပြုချက်မရဘဲ ဖြိုဖျက်ရန်စေခိုင်းမှု၊ ဖြိုဖျက်ချမှုတို့နဲ့ ဒုဗိုလ်မှူးကြီးအောင်ကျော်မိုး(စစ်ထောက်ချုပ်ရုံး)က
တရားလိုပြုလုပ်တိုင်ကြားလာတာကြောင့် အခုလိုဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာအမှုကို ဗဟန်းမြို့မရဲစခန်းမှူး ဒုရဲမှူး
ထွန်းထွန်ဦး(စခန်းမှူး)က လက်ခံစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရတာကြောင့် ဖမ်ဆီးစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။
ခင်ပွန်းဖြစ်သူအဖမ်းခံလိုက်ရတာကြောင့်သရူပ်ဆောင်နန္ဒာလှိုင်က ဝမ်းနည်းပူဆွေးနေပြီးအမြန်ဆုံးပြန်လည်ဖို့တတ်အားသ၍ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ZawGyi ဖြင့်ဖတ်ရန်