ဆိုင်းဘုတ်တွေကိုရှေ့ဆုံးကကိုင်ပြီး သွေးအေးသွားကြတဲ့မိတ်ဆွေများအတွက် စကားလက်‌ဆောင်ပါးလိုက်သော ကိုပေါက်

ဒါရိုက်တာကိုပေါက်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။အခုဆိုရင်တော့မိသားစုနဲ့ဝေးရာခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေမှာရောက်ရှိနေတာပြီးကျရာတာဝန်ကိုကြိုးစားထမ်းဆောင်နေတာလဲဖြစ်ပါတယ်။အရင်ကကျနော်ချစ်တဲ့အနုပညာအတွက်ဘယ်သူ့ဝတ္ထုဘယ်သူ့ဇာတ်လမ်းဘယ်မင်းသားဘယ်မင်းသမီးဘယ်ထုတ်လုပ်ရေးအစရှ်ိသောရွေးချယ်စရာများတဲ့

လမ်းများပေါ်မှာကျနော်ရုပ်ရှင်ရိုက်ခဲ့တယ်။အရင်ကဘယ်မြေကွက်ဘယ်ခြံဘယ်တောင်စောင်းဘယ်ချောင်းဘေးဘယ်ရေတံခွန်နားဘယ်ဘုရားအနီးအစရှိသောရွေးချယ်စရာများတဲ့လမ်းများပေါ်မှာကျနော်စိုက်ပျိုးမွေးဖြူရေးအတွက်အနာဂတ်တွေနဲ့။အရင်ကဘယ်ပြည်နယ်ဘယ်မြို့ဘယ်ဟိုတယ်ဘယ်တောင်တန်းဘယ်အညာဘယ်စခန်းအစရှ်ိသောမြန်မာပြည်အနှံ့နေရာပေါင်းစုံရဲ့လမ်းများပေါ်မှာမိသားစုနဲ့ကားမောင်းပြီးခရီးတွေထွက်ခဲ့တယ်။ကျနော့မှာလမ်းတွေအများကြီးနဲ့အိပ်မက်တွေတစ်ပုံကြီးရှိခဲ့တယ်။ကျနော့မှာသား၂ယောက်ရှိတယ်။

ချစ်စရာထက်မြက်တဲ့မိန်းမရှိတယ်။ဆွေမျိုးတွေရှိတယ်။အပေါင်းအသင်းသူငယ်ချင်းတွေကငယ်ပေါင်းရောကြီးဖော်ရောအများကြီးရှိတယ်။လုပ်ဖော်ကိုင်ဖက်တွေကမြန်မာပြည်အနှံ့မှာရှိသလိုထိုင်းဂျပန်ကိုရီးယားနဲ့ဩဇီမှာလည်းရှိခဲ့တယ်။ကျနော့မှာချရေးဖို့ဝတ္ထု၊ဇာတ်ညွှန်း၊ကဗျာနဲ့အက်ဆေးတွေအများကြီးရှိသေးတယ်။ကျနော့မှာပရိသတ်ကိုရိုက်ပြဖို့ဝတ္ထုကောင်းတွေအများကြီးရှိသေးတယ်။ကျနော်လျှောက်ချင်တဲ့လမ်းများပေါ်မှာကျနော်လျှောက်နေရင်းလျှောက်ခဲ့ရင်းလျှောက်နေဆဲအခိုက်အတန့်မှာတခြားလမ်းပေါ်ကိုခုန်ကူးခဲ့တဲ့အခါအရင်လမ်းများက

ကျနော့ကိုစွန့်ခွါသွားကြတယ်။လမ်းဆိုတာကောက်လိုက်ဖြောင့်လိုက်နိမ့်လိုက်မြင့်လိုက်နဲ့ဆိုတော့အနုပညာဆိုတာကြီးကကျနော့ဘေးကခုန်ထွက်။သူငယ်ချင်းမိတ်ဆွေဆွေမျ်ိုးတစ်ချို့ကအတိတ်မေ့ရောဂါအသီးသီးရ။ကျနော့ဘေးမှာစွန့်ခဲ့ရတဲ့အရာတွေကကျနော့ထက်မာနတွေကြီးသွားတော့ကျနော်ကလမ်းများပေါ်မှာတစ်ယောက်တည်း။အခုလမ်းများပေါ်မှာလျှောက်နေရင်းကျနော့အတွက်ပြန်စရာမြို့ကဘယ်မှာလဲ။ကျနော့အတွက်ပြန်စရာအိမ်ကဘယ်အရပ်လဲ။ခိုးပြန်လာရင်တောင်တုန်လှုပ်နေကြမယ့်အရပ်ကိုဘယ်လမ်းကဘယ်လိုပြန်ရမလဲ။

အိမ်ခြေရာမဲ့ဖြစ်ခဲ့ရတဲ့ကျနော့ဘဝကိုပုံမှန်ဖြစ်နေတဲ့မိတ်ဆွေတို့ရဲ့ပျော်ပွဲရွှင်ပွဲအတွက်အမြည်းလုပ်ဖို့လက်ဆောင်ပို့လိုက်တယ်။ချိုသောသစ်သီးကိုစားပါ။အေးမြသောရေကိုသောက်ပါ။အားရပါးရသုံးဆောင်ပါ။ဒီလိုပါပဲလေဘဝဆိုတာပုံသေတွက်လို့မှမရတာ။လမ်းဆိုတာရှိနေသ၍ကျနော်ဆက်လျှောက်ရအုံးမယ်။ဆက်လျှောက်နေအုံးမယ်။ခရီးကြုံလို့လမ်းမှာဆုံရင်ခေါ်ပါပြောပါနှုတ်ဆက်ပါ။လက်သုံးချောင်းထောင်ပြီးပျောက်သွားခဲ့တာတွေ၊လည်းချောင်းသွေးကြောတွေထောင်နေအောင်ကြွေးကြော်သံတွေအော်ခဲ့ပြီးဘယ်လိုက်ရှာရမှန်းမသိတော့တာတွေ၊ဆိုင်းဘုတ်တွေကို

ရှေ့ဆုံးကကိုင်ပြီးအခုတော့ပုံမှန်ဖြစ်သွားကြတာတွေအစရှိတာတွေတောင်တောင်အီအီတွေကိုကျနော်ကပြန်ပြောနေမှာ၊အပြစ်ဖွဲ့နေမှာမဟုတ်လို့ရဲရဲကြီးနှုတ်ဆက်ပါ။ကျနော်ပြုံးပြဖို့အသင့်ပါပဲ။နောက်ဆုံးအနေနဲ့မိတ်ဆွေတ်ို့အားလုံး‘’ဒီတော်လှန်ရေးအတွက်နှစ်၅လုံးတုန်းကလိုစိတ်မျိုးအခုမရှိတော့ရင်တောင်အခုတော်လှန်ရေးကိုစွန့်ခွါမသွားကြပါနဲ့’’လို့တောင်းဆိုပါရစေ။ကဲနားစရာအရိပ်မဲ့တဲ့ဒီလမ်းကိုကျနော်ဆက်လျှောက်လိုက်အုံးမယ်”လို့ရေးသားထားပါတယ်။စာဖတ်ပရိသတ်ကြီးရေဒါရိုက်တာကိုပေါက်ကတော့ဆိုင်းဘုတ်တွေကိုရှေ့ဆုံးကကိုင်ပြီးသွေးအေးသွားတဲ့မိတ်ဆွေတွေအတွက်စကားလက်‌ဆောင်ပါးလိုက်တာပဲဖြစ်ပါတယ်။

ZawGyi ဖြင့်ဖတ်ရန်

ဒါရိုက္တာကိုေပါက္ကေတာ့ေတာ္လွန္ေရးႀကီးမွာျပည္သူေတြနဲ႕အတူအမွန္တရားဘက္ကပါဝင္ခဲ့ၿပီးလမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာအားတက္သေရာပါဝင္ခဲ့တာေၾကာင့္ပုဒ္မ၅၀၅ကျဖင့္မတရားအမႈဖြင့္ထားျခင္းခံရၿပီးေဘးကင္းရာကိုေရွာင္တိမ္းေနခဲ့ရပါတယ္။အခုဆိုရင္ေတာ့မိသားစုနဲ႕ေဝးရာခက္ခဲၾကမ္းတမ္းတဲ့လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတာၿပီးက်ရာတာဝန္ကိုႀကိဳးစားထမ္းေဆာင္ေနတာလဲျဖစ္ပါတယ္။အရင္ကက်ေနာ္ခ်စ္တဲ့အႏုပညာအတြက္ဘယ္သူ႕ဝတၳဳဘယ္သူ႕ဇာတ္လမ္းဘယ္မင္းသားဘယ္မင္းသမီးဘယ္ထုတ္လုပ္ေရးအစရွ္ိေသာေ႐ြးခ်ယ္စရာမ်ားတဲ့

လမ္းမ်ားေပၚမွာက်ေနာ္႐ုပ္ရွင္ရိုက္ခဲ့တယ္။အရင္ကဘယ္ေျမကြက္ဘယ္ၿခံဘယ္ေတာင္ေစာင္းဘယ္ေခ်ာင္းေဘးဘယ္ေရတံခြန္နားဘယ္ဘုရားအနီးအစရွိေသာေ႐ြးခ်ယ္စရာမ်ားတဲ့လမ္းမ်ားေပၚမွာက်ေနာ္စိုက္ပ်ိဳးေမြးျဖဴေရးအတြက္အနာဂတ္ေတြနဲ႕။အရင္ကဘယ္ျပည္နယ္ဘယ္ၿမိဳ႕ဘယ္ဟိုတယ္ဘယ္ေတာင္တန္းဘယ္အညာဘယ္စခန္းအစရွ္ိေသာျမန္မာျပည္အႏွံ႕ေနရာေပါင္းစုံရဲ႕လမ္းမ်ားေပၚမွာမိသားစုနဲ႕ကားေမာင္းၿပီးခရီးေတြထြက္ခဲ့တယ္။က်ေနာ့မွာလမ္းေတြအမ်ားႀကီးနဲ႕အိပ္မက္ေတြတစ္ပုံႀကီးရွိခဲ့တယ္။က်ေနာ့မွာသား၂ေယာက္ရွိတယ္။

ခ်စ္စရာထက္ျမက္တဲ့မိန္းမရွိတယ္။ေဆြမ်ိဳးေတြရွိတယ္။အေပါင္းအသင္းသူငယ္ခ်င္းေတြကငယ္ေပါင္းေရာႀကီးေဖာ္ေရာအမ်ားႀကီးရွိတယ္။လုပ္ေဖာ္ကိုင္ဖက္ေတြကျမန္မာျပည္အႏွံ႕မွာရွိသလိုထိုင္းဂ်ပန္ကိုရီးယားနဲ႕ဩဇီမွာလည္းရွိခဲ့တယ္။က်ေနာ့မွာခ်ေရးဖို႔ဝတၳဳ၊ဇာတ္ၫႊန္း၊ကဗ်ာနဲ႕အက္ေဆးေတြအမ်ားႀကီးရွိေသးတယ္။က်ေနာ့မွာပရိသတ္ကိုရိုက္ျပဖို႔ဝတၳဳေကာင္းေတြအမ်ားႀကီးရွိေသးတယ္။က်ေနာ္ေလွ်ာက္ခ်င္တဲ့လမ္းမ်ားေပၚမွာက်ေနာ္ေလွ်ာက္ေနရင္းေလွ်ာက္ခဲ့ရင္းေလွ်ာက္ေနဆဲအခိုက္အတန့္မွာတျခားလမ္းေပၚကိုခုန္ကူးခဲ့တဲ့အခါအရင္လမ္းမ်ားက

က်ေနာ့ကိုစြန့္ခြါသြားၾကတယ္။လမ္းဆိုတာေကာက္လိုက္ေျဖာင့္လိုက္နိမ့္လိုက္ျမင့္လိုက္နဲ႕ဆိုေတာ့အႏုပညာဆိုတာႀကီးကက်ေနာ့ေဘးကခုန္ထြက္။သူငယ္ခ်င္းမိတ္ေဆြေဆြမ်္ိုးတစ္ခ်ိဳ႕ကအတိတ္ေမ့ေရာဂါအသီးသီးရ။က်ေနာ့ေဘးမွာစြန့္ခဲ့ရတဲ့အရာေတြကက်ေနာ့ထက္မာနေတြႀကီးသြားေတာ့က်ေနာ္ကလမ္းမ်ားေပၚမွာတစ္ေယာက္တည္း။အခုလမ္းမ်ားေပၚမွာေလွ်ာက္ေနရင္းက်ေနာ့အတြက္ျပန္စရာၿမိဳ႕ကဘယ္မွာလဲ။က်ေနာ့အတြက္ျပန္စရာအိမ္ကဘယ္အရပ္လဲ။ခိုးျပန္လာရင္ေတာင္တုန္လႈပ္ေနၾကမယ့္အရပ္ကိုဘယ္လမ္းကဘယ္လိုျပန္ရမလဲ။

အိမ္ေျခရာမဲ့ျဖစ္ခဲ့ရတဲ့က်ေနာ့ဘဝကိုပုံမွန္ျဖစ္ေနတဲ့မိတ္ေဆြတို႔ရဲ႕ေပ်ာ္ပြဲ႐ႊင္ပြဲအတြက္အျမည္းလုပ္ဖို႔လက္ေဆာင္ပို႔လိုက္တယ္။ခ်ိဳေသာသစ္သီးကိုစားပါ။ေအးျမေသာေရကိုေသာက္ပါ။အားရပါးရသုံးေဆာင္ပါ။ဒီလိုပါပဲေလဘဝဆိုတာပုံေသတြက္လို႔မွမရတာ။လမ္းဆိုတာရွိေနသ၍က်ေနာ္ဆက္ေလွ်ာက္ရအုံးမယ္။ဆက္ေလွ်ာက္ေနအုံးမယ္။ခရီးႀကဳံလို႔လမ္းမွာဆုံရင္ေခၚပါေျပာပါႏႈတ္ဆက္ပါ။လက္သုံးေခ်ာင္းေထာင္ၿပီးေပ်ာက္သြားခဲ့တာေတြ၊လည္းေခ်ာင္းေသြးေၾကာေတြေထာင္ေနေအာင္ေႂကြးေၾကာ္သံေတြေအာ္ခဲ့ၿပီးဘယ္လိုက္ရွာရမွန္းမသိေတာ့တာေတြ၊ဆိုင္းဘုတ္ေတြကို

ေရွ႕ဆုံးကကိုင္ၿပီးအခုေတာ့ပုံမွန္ျဖစ္သြားၾကတာေတြအစရွိတာေတြေတာင္ေတာင္အီအီေတြကိုက်ေနာ္ကျပန္ေျပာေနမွာ၊အျပစ္ဖြဲ႕ေနမွာမဟုတ္လို႔ရဲရဲႀကီးႏႈတ္ဆက္ပါ။က်ေနာ္ၿပဳံးျပဖို႔အသင့္ပါပဲ။ေနာက္ဆုံးအေနနဲ႕မိတ္ေဆြတ္ို႔အားလုံး‘’ဒီေတာ္လွန္ေရးအတြက္ႏွစ္၅လုံးတုန္းကလိုစိတ္မ်ိဳးအခုမရွိေတာ့ရင္ေတာင္အခုေတာ္လွန္ေရးကိုစြန့္ခြါမသြားၾကပါနဲ႕’’လို႔ေတာင္းဆိုပါရေစ။ကဲနားစရာအရိပ္မဲ့တဲ့ဒီလမ္းကိုက်ေနာ္ဆက္ေလွ်ာက္လိုက္အုံးမယ္”လို႔ေရးသားထားပါတယ္။စာဖတ္ပရိသတ္ႀကီးေရဒါရိုက္တာကိုေပါက္ကေတာ့ဆိုင္းဘုတ္ေတြကိုေရွ႕ဆုံးကကိုင္ၿပီးေသြးေအးသြားတဲ့မိတ္ေဆြေတြအတြက္စကားလက္‌ေဆာင္ပါးလိုက္တာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.