အလှူခံရရှိတဲ့နှို့မှုန့်ဘူးတွေကို မျှဝေလှူဒါန်းကုသိုလ်ပြုသွားဦးမယ့် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ
မင်းသမီးလေးခိုင်နှင်းဝေကတော့ရုပ်ရှင်နှင့်ဗီဒီယိုတွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ခိုင်နှင်းဝေကအသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့အနုပညာလုပ်ငန်းတွေထက်လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေကိုပိုမိုဦးစားပေး
လုပ်ကိုင်နေတာကိုပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ခိုင်နှင်းဝေကအခုလိုကပ်ရောဂါနဲ့ရင်ဆိုင်နေရချိန်မှာလည်းချို့တဲ့ခက်ခဲနေသူတွေအတွက်ရှေ့ဆုံးကနေတက်ကြွစွာကူညီဖေးမပေးနေလျက်ရှိပါတယ်။အမြဲအလှူအတန်းပရဟိတအလုပ်တွေကိုဆက်တိုက်ပြုလုပ်နေတဲ့ခိုင်နှင်းဝေကတော့လက်ရှိမှာလည်း
”NatureOneရဲ့နှစ်သစ်ကူးအလှူကြီးပါရှင်၊တန်ဘိုးငွေကျပ်သိန်း(၃၅၀၀)တန်ဘိုးရှိနို့မှုန့်များ(ဗူးပေါင်းတစ်သောင်း)ကိုဒုတိယအကြိမ်လှူဒါန်းပေးတဲ့အတွက်အတိုင်းမသိအရမ်းဝမ်းသာပျော်မိပါတယ်။ဒီလိုခက်ခဲတဲ့အချိန်ကာလမှာမေတ္တာစေတနာရှေ့ထားပြီးလှူဒါန်းပေးတဲ့အတွက်အရမ်းလဲကျေးဇူးတင်မိပါတယ်။
ကျွန်မကလေးတွေအတွက်လိုအပ်သလောက်ဖယ်ထားပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ကလေးငယ်များရှိရာပရဟိတကျောင်းများ၊ဆင်းရဲနွမ်းပါးရပ်ကွက်များမှကလေးငယ်များကိုမျှဝေလှူဒါန်းကုသိုလ်ပြုသွားပါမယ်၊လှုဒါန်းပေးပါသောစေတနာရှင်NatureOneမှတာဝန်ရှိလူကြီးမင်းများကိုအထူးကျေးဇူးတင်ရပြီး
ကျမရဲ့နိဗ္ဗာန်ဆော်ကုသိုလ်ရေးလေးအောင်မြင်သွားတဲ့အတွက်လဲအထူးပဲကြည်နူးပီတိလေးများဖြစ်ရပါတယ်ရှင်”ဆိုတဲ့စာလေးနဲ့ကြည်နူးစရာကုသိုလ်အလှူလေးအကြောင်းပြောပြခဲ့တာပါ။ပရိသတ်တွေလည်းခိုင်နှင်းဝေလှူဒါန်းမယ့်အလှူအတွက်သာဓုခေါ်မုဒိတာပွားပေးခဲ့ကြပါဦးနော်။ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.