အနုပညာအလုပ်တွေရပ်နားထားရချိန်မို့ Live sale ​ေလးရောင်းမိတာကိုအပြ.စ်ပြောနေကြသူများအား ဒဲ့မေးလိုက်ပြန်သော ချောရတနာ
ချစ်လှစွာသော ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေခေတ်ထဲကတေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ အကယ်ဒမီမင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ဆိုရလောက်အောင်
နုပျိုလှပနေတဲ့သူပါ။ ဒါ့အပြင်အမြဲပျော်ပျော်နေတတ်ပြီးအိမ်ထောင်ရေးမှာလည်းစိတ်ချမ်းသာရတဲ့မင်းသမီးတစ်လက်ပါ။ အနုပညာမောင်နှမတွေအပေါ်မှာလည်း အမြဲရင်းနှီးဖော်ရွေတတ်တဲ့ သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ ” Ethic ဆိုတာဘာလဲဘာလဲမသိတဲ့လူတွေက social media ကိုအသုံးချပြီးသူတစ်ပါးကိုယ်ကျင့်သိက္ခာဘဝရပ်တည်နေတဲ့ career တွေကိုထိပါးပြောဆိုနေကြတယ်၊ လူတစ်ဦးတစ်ယောက်တိုင်းမှာ
value ဆိုတာရှိတယ် သဌေးကြီးကစလို့ သန့်ရှင်းရေးသမားအထိတန်ဖိုးကိုယ်ဆီရှိတယ်သဌေးအလုပ်သန့်ရှင်းရေးသမားမလုပ်နိုင်သလိုသန့်ရှင်းရေးသမားကလည်းသဌေးအလုပ်မလုပ်နိုင်ပါဘူး။ ပညာဘယ်လောက်တက်တက် ပိုက်ဆံဘယ်လောက်ချမ်းသာချမ်းသာ respect each other ဆိုတာမရှိရင်ဒီလူဟာအောက်တန်းစားပဲ လူတိုင်းလည်းမွေးကတည်းက ဘယ်သူမှမတော်ကြပါဘူး။ IQ ဘယ်လောက်
ကောင်းကောင်းဘယ်သူမှအလိုလိုသိမနေပါဘူး။ လေ့လာသင်ယူရတယ်။ဒီလိုပဲအပြောင်းလဲကာလမှာ အနုပညာသမားတွေလဲလေ့လာသင်ယူရင်းအသက်မွေးဝမ်းကြောင်းတစ်ခုပေါ်လျှောက်လှမ်းနေကြရတာပါပင်လယ်ရေတစ်ယောက်တည်းသောက်လို့မကုန်ပါဘူးဒီကာလစီးပွားရေးအခြေအနေအရလူတိုင်း career ပြောင်းနေရပါတယ်။အင်ဂျင်နီယာတောင်ဝက်သားတုတ်ထိုးရောင်းပြီးသူ့ career change သေးတာပဲ
မင်းသမီးတွေသမာအာဇီဝ Live sale ရောင်းတာအပြစ်မဖြစ်လောက်ပါဘူးနော် ဘဝအတွက်ရိုးသားစွာရှာဖွေလုပ်ကိုင်စားသောက်နေသူများအားလုံးကိုလေးစားပါတယ် အပြုသဘောဆောင်ရေးသားထားခြင်းဖြစ်သောကြောင့် Be positive think ” ဟုဆိုတဲ့စာလေးနဲ့ လတ်တလောသူမရဲ့အမြင်ကို ပြောပြလာခဲ့တာပါ။ပရိသတ်တွေရဲ့ အမြင်လည်း ချောနဲ့ထပ်တူကျရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.