ကိုယ်ပိုင်အိမ်မရှိတဲ့သူတွေကအိမ်တစ်လုံးဆုံးရှုံးရတဲ့ ခံစားချက်ကိုဘယ်သိမလဲလို့ ဒဲ့ပြောချလိုက်ပြန်သော ပြည်သူချစ်မင်းသမီးချောလေး ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့်အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုထိုက်ထိုက်တန်တန်

ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကိုဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင်လမ်းမပေါ်ထွက်ကာ

ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ ” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူ‌တွေအတွက်ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလဲ၊ ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ ထားစရာမရှိအောင်

ချမ်းသာနေကြတာကိုး၊ ကိုယ်ပိုင်အိမ်တစ်လုံးတောင်မပိုင်တဲ့သူတို့လက်အောက်ခံထားရာနေစေရာသွားတွေကလည်း သူတို့ခိုင်းသမျှလုပ်မှာပဲ၊ သူတို့မှအိမ်မပိုင်ဘူးတာ၊ ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်သူတို့ဘယ်သိပါ့မလဲစစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ။ ” လို့ ပိုင်ဖြိုးသု ဟာသူမရဲ့လူမှု့ကွန်ယက်

စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။ သူမဟာအခုဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိနေတယ်လို့ အနုပညာအသိုင်းအဝိုင်းမှတစ်ဆင့် သိရပါတယ်။မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေး‌ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ ခရက်ဒစ်

ZawGyi ဖြင့်ဖတ်ရန်

ပရိသတ္ႀကီးေရ ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားၿပီးေတာ့ ‌ေပ်ာ္႐ႊင္ဖြယ္အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာ ပိုင္ၿဖိဳးသုကို သိၾကမယ္ထင္ပါတယ္။ သူမဟာဆိုရင္ေတာ့ ၂၀၁၇ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီေပးပြဲတြင္ ” သရဲမ၊ဘီလူးမ ႏွင့္ မိန္းမပ်ိဳ ” ႐ုပ္ရွင္ျဖင့္အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုကိုထိုက္ထိုက္တန္တန္

ရရွိခဲ့သူလဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ရိုက္ကူးရာတြင္ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္နိုင္တဲ့အျပင္ သူမရဲ႕စိတ္ဓာတ္ဟာလည္း အတုယူအားက်စရာေကာင္းေလာက္ပါတယ္။ လက္ရွိျမန္မာနိုင္ငံတြင္ ျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈမ်ားကိုေဖေဖာ္ဝါရီလကတည္းမွ စတင္ၿပီး ပါဝင္ခဲ့သူ ျဖစ္ၿပီး ေန႕စဥ္ရက္ဆက္ မေမာနိုင္ မပန္းနိုင္ေအာင္လမ္းမေပၚထြက္ကာ

ျပည္သူေတြနဲ႕အတူ ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ ပုဒ္မ၅၀၅(က)ျဖင့္ တရားဆြဲခံထားရၿပီး လက္ရွိမွာလြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနပါတယ္။ ” သမာအာဇီဝလုပ္အားနဲ႕စီးပြားရွာရတဲ့လူ‌ေတြအတြက္ကိုယ္ပိုင္အိမ္တစ္လုံးပိုင္ဆိုင္ဖို႔ဘယ္ေလာက္ခက္ခဲတယ္ဆိုတာကိုသူတို႔ဘယ္သိပါ့မလဲ၊ ျပည္သူဆီက ခိုးထားဝွက္ထားတဲ့ေငြေတြနဲ႕ ထားစရာမရွိေအာင္

ခ်မ္းသာေနၾကတာကိုး၊ ကိုယ္ပိုင္အိမ္တစ္လုံးေတာင္မပိုင္တဲ့သူတို႔လက္ေအာက္ခံထားရာေနေစရာသြားေတြကလည္း သူတို႔ခိုင္းသမွ်လုပ္မွာပဲ၊ သူတို႔မွအိမ္မပိုင္ဘူးတာ၊ ခြၽဲနည္းစာနဲ႕ေဆာက္ထားတဲ့အိမ္ေလးကိုဆုံးရႈံးလိုက္ရတဲ့ခံစားခ်က္သူတို႔ဘယ္သိပါ့မလဲစစ္အာဏာရွင္စနစ္အျမန္ဆုံးက်ရႈံးပါေစ။ ” လို႔ ပိုင္ၿဖိဳးသု ဟာသူမရဲ႕လူမႈ႕ကြန္ယက္

စာမ်က္ႏွာေပၚမွာ ေရးသားမွ်ေဝထားပါတယ္။ သူမဟာအခုဆိုရင္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္‌ေျမမွာ ေရာက္ရွိေနတယ္လို႔ အႏုပညာအသိုင္းအဝိုင္းမွတစ္ဆင့္ သိရပါတယ္။ျမန္မာျပည္ႀကီး အာဏာရွင္ေဘးမွ အျမန္ဆုံးကင္းေဝး‌ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။ ခရက္ဒစ္

Leave a Reply

Your email address will not be published.