တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာကိုရရှိခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်နေတဲ့မင်းသားချော သီဟထွန်း
ပရိသတ်ကြီးရေ ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် သီဟထွန်း ဟာ ဇာတ်လမ်းတွဲတွေမှာအဓိက ပါဝင်သရုပ်ဆောင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ MRTV-4 ကထုတ်လွှင့်ပြသတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” အဆိပ်သွေး ” ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာလဲ
ပြည်သူတွေနဲ့အတူတူ ပါဝင်ခဲ့တာကြောင့် ပိုမိုလေးစားချစ်ခင် အားပေးကြရပြန်ပါတယ်။ ဒါအပြင် လက်ရှိမှာ သီဟထွန်း ဟာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာဝာာဝန်ကို ထမ်းဆောင်နေတာပါ။ ဒီလိုထမ်းဆောင်ရင်း တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာကို ရရှိခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်သီဟထွန်းဟာ
သမိုင်းမှတ်တမ်းအဖြစ် Certificate နှစ်ခုရရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ” အခုချိန် ကိုယ်ရဲ့ အရာရာကို့ဆုံးရှုံးစွာနဲ့နေရပေမယ့် တစ်ချိန်တော်လှန်ရေးကြီး အောင်မြင်မှုနဲ့အတူ သမိုင်းမှာငါသည် ဓမ္မဖက်ကနေ၍ငါ​၏ တိုင်းပြည် တိုးတက်ပြောင်းလဲဖို့အတွက် ငါကျရာတာဝန် နိုင်ရာတာဝန်တစ်ခုကို့ပါဝင် ကြိုးစားပေးနိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်း ဒီ certificate နှစ်ခုက
ကိုယ်ရဲ့မျိုးဆက်အတွက် ဂုဏ်ယူစွာပြန်ပြောပြနိုင်ဖို့ အရာရာဆုံးရှုံးမှုတွေကြားမှာ ပြန်ရလိုက်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။ အလှူငွေပေါင်းများစွာရရှိခဲ့တဲဲ့ ဒီပွဲနှစ်ခုစုလုံးမှာပါဝင်ခွင့်ရခဲ့တဲ့အတွက်ဝမ်းသာဂုဏ်ယူမိသလို certificate ပြန်လည်ချီးမြင့်ပေးတဲ့ NUG အစိုးရတာဝန်ရှိသူများအားလုံးကို့ကျေးဇူးအများကြီးတင်ပါတယ် အရေးတော်ပုံမုချအောင်ရမည် ” လို့
သူရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ တန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာကို ရရှိခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်နေတဲ့ သီဟထွန်း အတွက်ချီးကျူးစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.