မဟုတ်မမှန်သတင်းတစ်ခုကြောင့် အမေ့အမွေအိမ်လေးချိတ်ပိတ်​ခံခဲ့ရပြီပျော်ရွှင်ကြပါစေလို့ ရင်ဖွင့်ရေးသားလာရှာတဲ့ Russell
ပရိသတ်ကြီးရေ Russell ကတော့အိပ်မက်ဆုံရာသီချင်းပြိုင်ပွဲကနေတတဆင့် သရုပ်ဆောင်ဘက်ကိူကူးပြောင်းကာ ည ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်တွေသိရှိခဲ့တာပါ။ မကြာသေးခင်ကမိခင်ကြီးရုတ်တရက်ဆုံးပါးသွားမှုကြာင့် ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။ မကြာသေးမီကလည်း “သတင်းအမှားတွေနဲ့
မဟုတ်တမ်းလျားတွေ စွပ်စွဲတာတော့ ကျနော်လက်မခံနိုင်ပါဘူးခင်မျာ၊ ဘာမှလည်း မလုပ်ခဲ့သလို ဘာမှလည်း မဟုတ်တဲ့ ကျနော့်ကို လာမတိုက်ခိုက်ကြပါနဲ့၊ သူများနိုင်ငံမှာ အလုပ်သွားလုပ်ရတာ ကျနော် ထင်သလောက် အဆင်မပြေနေပါဘူးအမေဆုံးပြီးနောက် ပေးစရာရှိတဲ့ အမေ့ရဲ့အကြွေးလေးတွေကြေဖို့ကျနော်
ဆုံးဖြတ်ချက်ချပြီး ဘူဆန်မှာကျောင်းတက်ရင်း စားပွဲထိုး လာလုပ်နေတာပါ။ အမေဆုံးပြီးနောက်ပိုင်း ဘယ်အရာမှ ကျနော့် ခေါင်းထဲ မရှိတော့သလို ကျနော့ အနာဂါတ်လည်း မရှိတော့ပါဘူး၊ အမေ့အတွက် ဆိုတဲ့စိတ်ပဲရှိတာပါ သားအမိချင်း ကိုယ်ချင်းစာတယ်ဆို ကျနော် အေးဆေးနေပါရစေ၊ အဆင်မပြေတဲ့အချိန်မှာ
အားလုံးကို ခဏတာ ပျော်ရွှင်စေချင်လို့ ကိုယ်လည်း ခဏတာဖြစ်ဖြစ် ပျော်ချင်လို့ ကိုယ်ချင်းစာပြီး ဟာသ post လေးတွေ တင်ပေးတာပါ၊ ရင်ထဲမှာတော့ အမေ့ကို သတိရစိတ်က နေ့တိုင်းမပြတ်ပါဘူး ခင်မျာ၊ အားလုံးကို လေးစားပါတယ်” လို့ရေးသားလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ” မဟုတ်မမှန်သတင်း
တစ်ခုကြောင့်အမေ့အမွေ အိမ်လေး ချိတ်ပိတ်ခံရတယ်ပျော်ရွှင်ကြပါစေ”ဆိုတဲ့စာလေးနဲ့ ဒီနေ့ညမှာဝမ်းနည်းထိခိုက်စွာ ရေးတင်လာခဲ့တာပါ။ မိခင်ဆုံးပါးတာမကြာသေးဘဲ မိခင်ထားရစ်ခဲ့တဲ့ အိမ်လေးကိုပါဆုံးရှုံးခဲ့ရတဲ့ Russellရဲ့ အဖြစ်ကတော့တကယ့်ကိုဝမ်းနည်းစရာပါပဲနော်။ပရိသတ်တွေလည်း Russellရဲ့မိခင်အမွေအိမ်လေး ပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.