ကင်ဆာအဆင့် (၄) အထိခံစားနေရပေမယ့် ခွဲ.စိတ်ဖို့မတက်နိုင်ရှာတဲ့ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန်ရဲ့အဖြစ်
ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန် ‌ကတော့ဇာတ်ကားတော်တော်များများမှာ ပါဝင်ပြီးတော့ ပရိသတ်နဲ့မစိမ်းနဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမဇာတိက ဘိုကလေးဇာတိဖြစ်တာကြောင့် ဘိုကလေးစိန် လို့ချစ်စနိုးနဲ့ မှည့်ခေါ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ကိုဗစ်‌လှိုင်းတွေနဲ့ နိုင်ငံရေးအခြေအနေတွေအရ အနုပညာလောကမှာ
ရုပ်ရှင်ရိုက်ကူးမှု့တွေကို နှစ်နဲ့ချီပြီး နားထားတကြောင့် ရုပ်ရှင်အပေါ်မှီခိုနေရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်အတွက် စား‌ဝတ်နေရေး ခက်ခဲရတဲ့ကာလတစ်ခုပါ။ ကျန်းမာရေးမကောင်းတဲ့အနုပညာရှင်တွေအတွက်က ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဇာတ်ပို့ သရုပ်ဆောင် ဘိုကလေးစိန် ဟာ ရင်သား ကင်ဆာရောဂါ ခံစားနေရပါတယ်။
သရုပ်ဆောင် ဘိုကလေးစိန် ကတော့လက်ရှိမှာ ‌ကင်ဆာဆေးတွေ ‌သွင်းနေရတာကြောင့် ငွေကြေးအခက်အခဲရှိတယ်လို့ သိရပါတယ်။ နေစရာလည်းမရှိတော့ သူမရဲ့ဆရာပေးထားတဲ့ဆေးခန်းလေးထဲမှာပဲနေရပြီးတော့ အလှူရှင်လေးတွေလာလှူတဲ့ငွေကြေးလေးနဲ့ ရင်သားကင်ဆာရောဂါကိုကုသနေရပါတယ်။ ” အရင်ကလည်းအနုပညာသမားဆိုတော့
အနုပညာအလုပ်မလုပ်ရရင်ဘာမှကိုဝင်ငွေမရှိဘူးလေ.. စားဖို့ရော နေဖို့ရော အရမ်းခက်ခဲနေတယ်” လို့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။ သူမကတော့ ကင်ဆာရောဂါကို လေးလပိုင်းလောက်ကတည်းက စတင်ခံစားရပြီးတော့ တစ်ပတ်တစ်ခါ ဆေးရုံစရိတ်က တစ်သိန်းကျော်ကုန်ပါတယ်တဲ့။ ရင်သားကင်ဆာ အဆင့် (၄) ကို ခံစားနေရပြီး
ခွဲစိတ်ကုသဖို့လိုပါတယ်။ ဘိုကလေးစိန် က ရန်ကုန်မှာပဲနေထိုင်ပြီး သူမရဲ့မိသားစုက ဘိုကလေးမှာပဲနေတယ်လို့သိရပါတယ်။ပရိသတ်ကြီးရေ… အခုဆိုရင်တော့ ဘိုကလေးစိန် ကိုသွားရောက်လှူဒါန်းနေတဲ့ အလှူရှင်အချို့လဲရှိနေပါပြီနော်။ အန်တီ ဘိုကလေးစိန်အတွက် နောက်ထပ် လှူဒါန်းမဲ့အလှူရှင်တွေလည်းအမြန်ဆုံးပေါ်ပေါက်ပြီးတော့ ကင်ဆာရောဂါဝေဒနာဆိုးမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.